ရေဝင်သွားတဲ့ ဖုန်းတွေကို ပျက်စီးမှု အနည်းဆုံးဖြစ်အောင် အရေးပေါ်ပြုလုပ်နည်း
ရေဝင်သွားတဲ့ ဖုန်းတွေကို ပျက်စီးမှု အနည်းဆုံးဖြစ်အောင် အရေးပေါ်ပြုလုပ်နည်း
ရေဝင်သွားတဲ့ ဖုန်းတွေကို ပျက်စီးမှု အနည်းဆုံးဖြစ်အောင် အရေးပေါ်ပြုလုပ်နည်း
မိမိလက်ရှိ အသုံပြုနေတဲ့ ဖုန်းကို ရေဝင်သွားခဲ့ရင် ဘာလုပ်သင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ဖုန်းကိုင်တဲ့သူ အားလုံးအတွက် အကောင်းဆုံးနည်းကို ပြောပြပေးပါ့မယ်။ အရေးပေါ်နည်းတွေထဲမှာ မှားယွင်းတဲ့ အယူဆများလည်း ရှိပါတယ်။ နည်းလမ်း အမှားများကို အသုံးမပြုသင့်ပါဘူး။ ဥပမာ - နေပူလှန်းခြင်း ၊ hair dryer ဖြင့် အပူပေးခြင်း စတဲ့နည်းတွေပါ ။ အဲဒီနည်းလမ်းက ဖုန်းအတွင်းပိုင်း ဆားကစ်ပေါ်က ရေတွေကိုတော့ ခြောက်သွားအောင် မပြုလုပ်ပေးနိုင်ပါဘူး။
ဖုန်းရေဝင်သွားလို့ ဆိုင်သွားမပြခင် အရေးပေါ်ပျက်စီးမှုနည်းအောင်ပြုလုပ်နည်းလေးတွေကို ဝေမျှပေးချင်ပါတယ်။
(၁) အရင်ဆုံး ဓာတ်ခဲ ထုတ်ပါ ၊ ဖုန်းပါဝါပိတ်လိုက်ပါ။
ရေစိုသွားတာသိသိချင်း ဖုန်းကိုချက်ချင်းပိတ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဓာတ်ခဲရဲ့ အပေါင်း အနှုတ် ဟာ ရေနဲ့ထိလျှင် လျှပ်ပူးပြီး သူ့လမ်းကြောင် ပေါ်ကရှိတဲ့အရာ အားလုံးကို ရှော့ ဖြစ်စေပါတယ်။ ဖုန်းမျက်နှာပြင် ပိတ်ထားပေမဲ့လည်း အထဲက စက်ပစ္စည်းတွေက အလုပ်လုပ်နေလို့ပါ။ ဖုန်းပါဝါပိတ်လို့မရတဲ့ အချိန်ဆိုရင်တော့ ဒီတိုင်းထားလိုက်ပါ၊ ပါဝါမလာလို့ဆိုပြီး ခဏခဏဖွင့်တာတွေကိုမလုပ်သင့်ပါဘူး။ ဒီလိုလုပ်လိုက်ရင် ဖုန်းအထဲက ရေစိုထားတာတွေက ပိုပြီးပျက်စီးစေနိုင်လို့ပါ။
(၂) ရေတွေကိုတတ်နိုင်သလောက်သုတ်ပေးပါ။
ရေထဲကျသွားလို့ပဲဖြစ်ဖြစ်၊ သင်္ကြန် ရေစိုသွားလို့ပဲဖြစ်ဖြစ် ဖုန်းရေဝင်ပြီဆိုတာနဲ့ တစ်သျှူး ၊ ခြောက်သွေ့နေတဲ့ အဝတ် စတာတွေနဲ့ တတ်နိုင်သလောက် ရေတွေကို သုတ်ပေးပါ။ ဖုန်းကိုထောင်ထားတဲ့ အနေထားနဲ့ရေတွေကိုသုတ်ပေးလိုက်ရင် ဖုန်းထဲကိုရေဝင်တာ သက်သာစေလို့ ဖုန်းအတွင်းပိုင်း ပျက်စီးမှုနည်းပါးစေမှာပါနော်။ဖုန်းခြောက်သွားပေမဲ့လည်း Phone Service ကိုသွားပြသင့်ပါတယ်နော်။
(၃) ဖုန်း Service သွားပြပါ။
အပေါ်မှာပြောပြထားတဲ့နည်းလမ်းလေးတွေက ဖုန်းရေစိုသွားတဲ့ အချိန်မှာ Service သွားဖို့ အဆင်မပြေတဲ့အချိန်၊ ဆိုင်မရှိတဲ့ နေရာဒေသတွေရောက်တဲ့အခါ အရေးပေါ်ပြုလုပ်သင့်တာလေးတွေပြောပြထားတာပါ။ ဖုန်း Service ကို ကျွမ်းကျင်တဲ့ ဆိုင်မှာပြပြီးမှသာ ဖုန်းကိုဆက်သုံးသင့်ပါတယ်။ ရေခြောက်သွားပေမဲ့လည်း ရေငွေ့တွေကျန်နေတာကို မသိဘဲ ဖုန်းကိုသုံးမိလိုက်ရင်ပိုပြီးတော့တောင် ပျက်စီးစေတာကြောင့်ပါ။
#ဆော့ဝဲလမ်းညွှန်
#DrfoneMobile
Post a Comment