လေဆိပ်မှာ နိုင်ငံခြားထွက်တဲ့အခါတိုင်း မဖြစ်မနေလုပ်ရတဲ့ (လ၀က) Form ဖြည့်နည်း ✈️ 📝 ✅

ပြည်ပမထွက်ခွာခင် လေဆိပ် Check in ဝင်ပြီးတာနဲ့ လ၀က ကို အပ်ဖို့ Form တစ်ခုက မဖြစ်မနေဖြည့်ပေးရပါတယ် ✅

ကိုယ်တိုင်မဖြည့်တတ်ရင် ပွဲစားတွေလုပ်ခိုင်းရင် မုန့်ဖိုးထပ်ပေးနေရပါမယ် ✍️

ဘာမှ သိပ့်မခက်ခဲတဲ့အတွက် ကိုယ်တိုင် Form မဖြည့်တတ်သေးတဲ့သူတွေရော အတွေ့အကြုံမရှိသေးတဲ့သူတွေအတွက်ပါ ပုံလေးတွေနဲ့မျှဝေပေးလိုက်ပါတယ်ဗျ 🆗


မြန်မာနိုင်ငံသားအနေနဲ့ အဓိက ဘာတွေဖြည့်ဖို့လိုလဲဆိုတာ အောက်မှာ စာလေးနဲ့လည်း ပြောပေးပါမယ် 🇲🇲 📝 ✅


🟠 Flight Number

ဒါကိုဖြည့်ဖို့ လေယဉ်လက်မှတ်ရဲ့ FLIGHT ဆိုတဲ့နေရာမှာကြည့်နိုင်ပါတယ်။


🟠 Family Name

မိသာစုထဲမှာ ခေါ်တဲ့နာမည်ကိုထည့်ရမှာပါ။ သူ့ဘေးက Frist Name နဲ့ Middle Name က မဖြည့်လည်းရပါတယ်။


🟠 Male or Female 

ဒါကတော့ ကျား / မ ရွေးခိုင်းတာပါ။ မြင်းစောင်းလေးဆွဲပေးရပါမယ်။


🟠 Passport Number

ဒါကတော့ နိုင်ငံကူးလက်မှတ် ပတ်စပိုစာအုပ်အရှေ့စာမျက်နှာက Passport No နေရာမှာ ကြည့်လို့ရပါမယ်။


🟠 Nationality

နိုင်ငံသားကို မေးတာပါ။ မြန်မာဆိုရင် Myanmar လို့ဘဲရေးပေးရပါမယ်။


🟠 Occupation

ဒီနေရာမှာ အလုပ်အကိုင် ကို ထည့်ပေးရပါမယ်။


🟠 Date of Issue

ဒါကတော့ မိမိပတ်စပို့စအုပ် စထုတ်ပေးတဲ့Date ကို ထည့်ရမှာပါ။ ပတ်စပိုစာအုပ်အရှေ့စာမျက်နှာက Passport No နေရာမှာ ကြည့်လို့ရပါမယ်။ Date of Issue နေရာမှာ ကြည့်လို့ရပါမယ်။


🟠 ID card Number

မှတ်ပုံတင် နံပါတ်အပြည့်အစုံထည့်ပေးရပါမယ်။


🟠 Father Name

အဖအမည်ကို ထည့်ပေးရပါမယ်။


🟠 Address in Myanmar

မြန်မာပြည်မှာ နေတဲ့လိပ်စာအတိအကျဖြည့်ပေးရပါမယ်။


🟠 Signature

မိမိရဲ့ထိုးမြဲလက်မှတ်ကိုထိုးပေးရပါမယ်။


ဒီလောက်ဆို မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့လုံလောက်ပါပြီ 👍👌

ပတ်စပို့၊ လေယဉ်လက်မှတ်၊ လ၀က Form စာရွက် ဒီသုံးခုကိုင်ပြီး Immigration ကိုသွားလို့ရပါပြီ။ ပြီးရင် လေယဉ်စီးမဲ့ ဂိတ်နံပါတ်မှာ သွားထိုင်စောင့်နေယုံပါဘဲ။


အတွေ့အကြုံမရှိသေးတဲ့သူတွေရော ကိုယ်တိုင် Form မဖြည့်တတ်သေးတဲ့သူတွေအတွက် ရည်ရွယ်ပြီးမျှဝေပေးခြင်းဖြစ်ပါတယ် 🔗


အားလုံးဘဲအဆင်ပြေပါစေ

Ar Kar - Travel & Tech

ဆော့ဝဲလမ်းညွှန်