Psiphon Pro မှာ VPN အတွက် Facebook နှင့် Messenger နှစ်ခုကိုသာ ရွေးချယ်အသုံးပြုနည်း ✅

 Psiphon Pro မှာ VPN အတွက် Facebook နှင့် Messenger နှစ်ခုကိုသာ ရွေးချယ်အသုံးပြုနည်း  ✅

VPN ဆော့ဝဲတော်တော်များများက VPN ချိတ်လိုက်တာနဲ့ ဖုန်းထဲက App တွေအကုန်လုံးက နိုင်ငံကျော်ကွပြီးသားဖြစ်သွားပါတယ်။
ဒီတော့ မလိုအပ်ဘဲ နောက်ကွယ်မှာ Run နေတဲ့ App တွေက VPN Connection ကိုဘဲ ဆွဲသုံးနေပါတယ်။ အဲ့လိုဆိုတော့ တကယ် VPN လိုအပ်နေတဲ့ Facebook နှင့် Messenger အတွက် လိုင်းမကောင်းတာတွေဖြစ်လာပါတယ်။

Psiphon Pro မှာတော့ VPN တကယ်လိုအပ်တဲ့ App တွေကိုသာ ရွေးချယ်ပြီး အသုံးပြုနိုင်ပါတယ်။
ဒါဆိုရင် VPN မလိုတဲ့ Youtube , Viber, Telegram လိုမျိုး App တွေက လိုင်းနှေးကွေးခြင်းမရှိဘဲ ပုံမှန် Data နဲ့ အသုံးပြုနိုင်ပါတယ်။
Psiphon Pro မှာ VPN လိုအပ်တဲ့ Facebook နှင့် Messenger ကိုသာ ရွေးချယ်ပြီး သုံးမယ်ဆိုရင် လိုင်းကောင်းလာစေမှာပါ။
အသေးစိတ်ကို ပုံလေးတွေကြည့်ကြီး စမ်းကြည့်နိုင်ပါတယ်။

Psiphon Pro
ဒီမှာဒေါင်းယူပါ - https://bit.ly/3KVP7we


မှတ်ချက်၊၊ Psiphon Pro နဲ့ VPN ချိတ်တဲ့ ဖုန်းနဲ့ဆင်းကဒ်များအတွက်သာဖြစ်ပါတယ်။

ဆော့ဝဲလမ်းညွှန်